1 ရဲတပ်ဖွဲ့သတင်း 2024.5.26-九游会j9备用网址

2024.5.26, ထိုင်းဘဏ်အကောင့်များ သုံး၍ အွန်လိုင်းငွေကြေးလိမ်လည်မှု ရှိမရှိ မေ ၂၇ ရက်မှစကာ ထိုင်းအစိုးရက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ဘဏ်အကောင့် ၁၀၆ သန်း ထိုင်းအစိုးရ စစ်ဆေးမည်

ထိုင်းဘဏ်အကောင့်များ သုံး၍ အွန်လိုင်းငွေကြေးလိမ်လည်မှု ရှိမရှိ မေ ၂၇ ရက်မှစကာ ထိုင်းအစိုးရက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် အွန်လိုင်းငွေကြေးလိမ်လည်သူများက အခြားသောသူများ၏ အမည်ဖြင့် မှတ်ပုံတင်ထားသော ဆင်းမ် ကဒ် (sim) များ သုံး၍ ဘဏ်အကောင့်များဖွင့်ကာ ငွေကြေးလိမ်လည်မှုများ လုပ်နေကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သည့် the thaiger က ရေးသားထားသည်။

ထို့အတွက် ထိုင်းအမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (nbtc) အနေဖြင့် ဘဏ်များနှင့် မိုလ်ဘိုင်း ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် ais ၊ true တို့နှင့် ပူးပေါင်းကာ ဖုန်းဆင်းမ်ကဒ်များကို အမည် အမှန်ဖြင့် မှတ်ပုံတင်ထားမှုရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

nbtc သည် ထိုင်းနိုင်ငံရှိ မိုဘိုင်းဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသည့် mobile banking အကောင့် ၁၀၆သန်းကို ပိုင်ရှင်အမည်များ တူညီမှု ရှိမရှိကို စစ်ဆေးသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ကို ရက်ပေါင်း ၁၂၀ အတွင်း အပြီးသတ်နိုင်ရန် ခန့်မှန်းထား ကြောင်း သိရသည်။

ထို့အတွက် ထိုင်းဘဏ်အကောင့်ဖွင့်ထားသူများ မိမိတို့ ကိုင်ဆောင်ထားသည့် ဖုန်းဆင်းမ်ကဒ်နှင့် နေထိုင်ခွင့် အထောက်အထားများ မှန်ကန်စွာဖြည့်စွက်ထားရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း သတိပြုကြရန် အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။

မြန်မာအလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ (wag) မှ ကိုမုန်တိုင်းက “ဒီလိုဘဏ်အကောင့်တွေကို စစ်ဆေးမယ်ဆိုတာ တခုတော့ ကောင်းသွားတယ်။ ထိုင်းနိုင်ငံထဲမှာရှိတဲ့ လူလိမ်တွေ ထိုင်းလူမျိုးရော၊ မြန်မာလူမျိုးရော သူတို့တွေရန်ကနေ အဆင်ပြေသွားမယ်။ တချို့လူတွေအတွက် မှန်မှန်ကန်ကန်လုပ်တဲ့သူတွေက ဖုန်းကဒ်တွေနဲ့ ဘဏ်ကဒ်တွေက နှစ်ကြာ သွားတော့ ပျောက်ပျက်တာတွေ ရှိတဲ့သူတွေကတော့ ပြန်လုပ်ရမှာပေါ့။ နာမည်ပေါက်တွေ ဖြစ်အောင်လို့။ လူလိမ်တွေ ကတော့ ထိခိုက်မှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်က ထိုင်းနိုင်ငံ မဟာချိုင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုရှိ မြန်မာအလုပ်သမားတဦး၏ ဘဏ်အကောင့်မှနေ၍ အွန်လိုင်းဂိမ်းငွေကြေးလိမ်လည်မှုဖြင့် ဆက်စပ်သည့် ဘတ်ငွေ သိန်း ၂၀ ကို ထုတ်ယူသွား သည်ဟု ဆိုကာ ထိုင်းရဲများက ဖမ်းဆီးခဲ့ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖော်များက ဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမား အပါအဝင် မြန်မာ၁၃ ဦးသည် ၂၀၂၄ ဇန်နဝါရီ ၁၈ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက် လာ သူများ ဖြစ်ပြီး ရက် ၂၀ အကြာ၌ ဘဏ်အကောင့်ဖွင့်ခဲ့ကြောင်း၊ ၂ လအကြာတွင် ထိုအလုပ်သမား ၏ ဘဏ်အကောင့်ကို သုံးကာ အွန်လိုင်းဂိမ်းနှင့် ပတ်သက်၍ ဘတ် သိန်း ၂၀ ကို ဘဏ်မှ ထုတ်သွားသည်ကို စစ်ဆေး တွေ့ရသဖြင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုမုန်တိုင်းက “mou နဲ့ တက်လာတဲ့ အလုပ်သမား ၁၃ ယောက်ဆိုရင် ထိုင်းလူမျိုးက ဒီအလုပ်သမားတွေရဲ့ ဖုန်းကဒ်နဲ့ ဘဏ်ကဒ်ဖွင့်ပေးပြီး password တွေပါ ယူသွားတယ်။ ပေးမသုံးဘူး။ သူတို့က လောင်းကစားတွေလုပ်တဲ့နေရာမှာ အသုံးပြုကြတယ်။ ပြီးတော့ ဘတ် သိန်း ၂၀ ထုတ်တော့ အကောင့်ပိုင်ရှင် မြန်မာအလုပ်သမားက ထုတ်တယ်ဆိုပြီး အဖမ်းခံလိုက်ရတယ်။ ထောင် ၁၀ နှစ် ကျဖို့အတွက် ဖြစ်နေတယ်။ အခုထိပြန်မလွတ်သေးဘူး။ မြန်မာသံရုံးကို အာမခံပေးဖို့ပြောပေမယ့် အာမခံမပေးသေးတဲ့အတွက် စိုးရိမ်နေရတယ်” ဟု ပြောသည်။

အဆိုပါ အလုပ်သမားများအား ဘဏ်အကောင့်ဖွင့်ပေးသည့် ထိုင်းအမျိုးသားက သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသော အလုပ်သမားထံ၌ ဘဏ်စာအုပ်နှင့် ဘဏ်ကဒ်များ ရှိမနေကြောင်း၊ လက်ရှိတွင် ကျန်ရှိသည့် အလုပ်သမား ၁၂ ယောက်၏ ဘဏ်အကောင့်များပါ ပိတ်ခံလိုက်ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူ၏ လုပ်ဖော်ကိုင်ဖက်တဦးက “အဲဒီထိုင်းအမျိုးသားက ဘဏ်စာအုပ်နဲ့ ဘဏ်ကဒ်တွေကို သိမ်းသွား ပါတယ်။ ဘဏ်အကောင့်ဖွင့်ခဲ့ပြီး အဖမ်းခံရတဲ့ ကာယကံရှင်လက်ထဲမှာ ဘဏ်စာအုပ်၊ ဘဏ်ကဒ်တွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူကိုယ်တိုင် ဘာမှမသိလိုက်ရဘဲ အွန်လိုင်းမှာ ဂိမ်းကစားထားတဲ့ငွေတွေဖြစ်တဲ့ ဘတ် သိန်း ၂၀ ကို ထုတ်ယူ သွားတယ်ဆိုပြီး ဘဏ်စာရင်းမှာ ပေါ်လာတာလာကြောင့် အဖမ်းခံလိုက်ရတယ်“ ဟု ပြောသည်။

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားသည် လောင်းကစားတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရပြီး လာမည့် မေ ၂၈ ရက်၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ မြန်မာသံရုံးအနေဖြင့် ထောက်ခံပေးမည်ဆိုပါက လွတ်မြောက်နိုင်သော် လည်း ထောက်ခံမှုတစုံတရာမပေးကြောင်း ကူညီဆောင်ရွက်ပေးသူများနှင့် လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

ထိုသို့ ငွေကြေးအလွဲသုံးစားမှုများ ဖြစ်ပေါ်နေသည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းဘဏ် အကောင့် ဖွင့်သည့်အခါမျိုး၌ နာမည်ခံ၍ မလုပ်ပေးရန်နှင့် မိမိအမည်ဖြင့်သာ အချက်အလက်မှန်ကန်စွာ လုပ်ဆောင်ကြ ရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးပြောဆိုသည်။

泰国媒体报道称,泰国政府将从5月27日开始进行检查,看看是否存在利用泰国银行账户进行网络诈骗的情况。

据泰国通讯社 the thaiger 报道,在泰国,网络诈骗者使用以他人名义注册的 sim 卡开设银行账户并实施金融诈骗。

因此,泰国国家广播和电信委员会(nbtc)宣布,银行和ais等移动电信公司,他们将与 true 合作,检查手机 sim 卡是否以正确的名称注册。

nbtc将检查与泰国手机号码关联的1.06亿个手机银行账户的名称是否相同,该过程预计将在120天内完成。

因此,缅甸公民还应该注意,泰国银行账户持有人需要正确填写手机sim卡和居住证明。


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注

网站地图